ဒေါ်စောမြပွင့်
Unicode Fonts ..... ဒေါ်စောမြပွင့်(အပြာစာအုပ်) ********************* ထုူးသာ ဆယ်တန်းအောင် ကို အောင်တော့ ဘာမှ ဂုဏ်ထူးတွေ ဘာတွေ မပါ ၊ တကယ်တော့ အောင်ရုံလေး သာ အောင်ခဲ့ခြင်း ဖြစ်သည်၊ သို့သော် သူ့ မွေးစား မိဘ များက သူ့ကို တက္ကသိုလ် တော့ ဆက်တက်ပြီး ဘွဲ့လေး တခု ရစေချင်သည်၊ သူတို့ မြို့လေး မှာ က ကောလိပ် မရှိ တော့ ကောလိပ်ကျောင်းရှိရာ ပြည်နယ်မြို့ သို့ သူ့ကို သွားစေခဲ့သည်၊ ထိုပြည်နယ်မြို့မှာ သူ့ မွေးစား အမေ၏ ညီမ အပျိုကြီး ဒေါ်စောမြပွင့် ရှိသည်၊ အပျိုကြီး ဒေါ်စောမြပွင့် မှာ အသက် ၃၂ နှစ်သာရှိသေးပြီး အိမ် တလုံးလုံးမှာ သူနှင့် ခိုင်းတဲ့ကောင်မလေး သန်းအိနွယ် ဆိုတဲ့ ၁၄-၅ နှစ် အရွယ် ကောင်မလေး တယောက်ပဲ နေသည်၊ ဆိုတော့ နေစရာက အဆင်ပြေ သည်။ အိမ် တလုံးလုံး ဆိုပေမဲ့ ခြံဝန်း ကြီး တခုထဲ မှာ အိမ်သုံးလုံး ဆောက်ထားခြင်းသာ၊ သူတို့ အိမ်က တထပ် ဘေး အစွန်ဆုံးမှာ၊ အလယ်မှာ ကနှစ်ထပ်ပျဉ်ထောင်အိမ် နှင့် မိသားစု တွေ ခလေး အငယ်တွေလည်း ရှိသည်။ နောက်တဘက်က တထပ်အိမ်၊ လင်မယား တစုံတွဲ သာနေသည်။ အပျိုကြီး စောမြပွင့်က အဲဒီမြို့ မှာ အလယ်တန်းကျောင်း တကျောင်းရဲ့ ကျောင်းအုပ်၊ အသားညိုညို ထောင်ထောင်မောင်းမောင်း ဆံပင်အုပ်ကောင်းကောင်း၊