စံပယ္​ရြာသူ​ေလးနဲ႔မဆီမဆိုင္​

Zawgyi Fonts

စံပယ္ရြာသူေလးနဲ႔ မဆီမဆိုင္
+++++++++++++++++++

ဘယ္လမ္းလို႔အတိအက်မေျပာေတာ့ဘူး။ ဒါေပမဲ့ အဲဒီလမ္းထဲမွာ ခ်စ္သူရွိတယ္။ သူမဟာ လည္ဂုတ္ေလာက္မရွည့္တရွည္ဆံပင္ေလးယမ္းၿပီး ကြၽန္ေတာ္နဲ႔စကားတစ္ခြန္းမွ မေျပာခဲ့ဖူးဘဲ နာမည္လည္း မသိရဘဲ ကြၽန္ေတာ္က ခ်စ္မိတယ္တဲ့။ ရွက္စရာပဲ။ လက္ဖက္ရည္ဆိုင္က အေႂကြးလည္းမရွင္းရေသးဘူး။ ခလုတ္က တိုက္မိျပန္ၿပီ။ မင္းရဲ႕ရင္ခုန္သံကို ျပန္ဆဲြႏႈတ္။ ေနာက္ၿပီး ေမတၱာသုတ္ပဲရြတ္ေန။ ဟဲလို...ဟုတ္ကဲ့...အခုေျပာေနတာ ကြၽန္ေတာ္လားဟင္ (လူရႊင္ေတာ္ေလသံနဲ႔)။ နားထဲမွာလည္း ဂ်စ္ ဂ်စ္ ဂ်စ္ ဂ်စ္နဲ႔ ေၾကာင္တစ္ေကာင္၀င္ကုတ္ေနတာလား။ ဒါမွမဟုတ္ ဖုန္းလိုင္းမမိတာလား။ နားမွာယားတယ္။ ႏွာဆက္ေခ်တယ္။ ဟတ္...ခ်ိဳး...ဘုရား...ဘုရား...။ မင္းကိုကိုယ္ခ်စ္မိတယ္။ ေကာင္းေလစြ။ ဘာမွလည္းမဆိုင္ဘူး။ မွတ္ပံုတင္ကေပ်ာက္သြားျပန္ၿပီ။ ေနာက္တစ္ခါ မွတ္ပံုတင္ရဲ႕ဂဏန္းကို ၁၅၀၀လို႔ေျပာင္းေရးခိုင္းၿပီး မင္းကိုျပရဦးမယ္။ ေခြးေလေခြးလြင့္ေတြေတာ့ေဟာင္ေနမွာပဲေနာ္။ ဂ႐ုမစိုက္ပါနဲ႔။ မင္းကလည္း မခင္မမင္နဲ႔ ရယ္ေနဦးမွာပါပဲေလ။ အင္း ဟုတ္တယ္။ အဲဒီ အရယ္၊ ရယ္ေမာျခင္း။ မင္းကိုဘယ္အခ်ိန္ၾကည့္ၾကည့္ အရယ္အေမာေတြတစ္ေတာင္လံုးၿပိဳက်ေနသလို မေမာမပန္းဘဲလွတယ္။ နည္းနည္းေလာက္ ကိုယ့္ကိုေခ်းပါလားကြယ္။ ဒီေကာင္ကဘယ္လိုႏႈိးႏိႈး မေရြ႕ေတာ့ဘူး။ ႏွလံုးသားသံပတ္ပ်က္ေနတာၾကာၿပီေလ။ လက္ညွိဳးညႊန္ရာ ရြာသာႀကီးပဲျဖစ္ေတာ့မယ္ထင္တယ္။ ေျမလြတ္ေျမ႐ိုင္းလို အစကေနအဆံုး ကိုယ့္ကိုမင္းႀကိဳက္သလိုပ်ိဳးပါ။ ကိုယ္ဟာ စစ္အတြင္းကဗံုးတစ္လံုးျဖစ္မယ္ဆိုရင္ေတာင္မွ မင္းကို စနက္တံေလးအျဖစ္နဲ႔ အႏၱရာယ္ကင္းရာမွာ ျဖဳတ္ခ်က်န္ရစ္ေစခဲ့မယ္။ ကိုယ့္တစ္ဘ၀လံုးလြင့္စဥ္ကဲြေၾကသြားစမ္းပါေစကြယ္။ ဘုရားရွိခိုးအမွ်ေ၀ေပးမယ့္ မင္းရဲ႕အသံေလးမွာ ကိုယ့္နာမည္ၾကားလိုက္မိ႐ံုနဲ႔ပဲ ဆိုင္ရာပိုင္ရာေတြကို ေတာင္းပန္ၿပီး လူအျဖစ္ျမန္ျမန္ျပန္၀င္စားမယ္။ ေနာက္ၿပီးမင္းကို ကိုယ္ဆက္ခ်စ္မယ္။ အဲဒီအခါက်ေတာ့ မမနဲ႔ေမာင္ေလးေပါ့ကြယ္။ တရားပါတယ္။ ေလာေလာဆယ္ ဖိနပ္စုတ္ေလးကို ထည္ထည္၀ါ၀ါခြၽတ္ၿပီး ေရႊတိဂံုဘုရားကို ခမ္းခမ္းနားနားဖူးၾကမယ္။ ေလဆန္ေရဆန္မွာ လိုက္ရဲတယ္ဆိုရင္ ကိုယ္ေက်ာပိုးၿပီးေခၚပါ့မယ္။ ခုေတာ့ မင္းရဲ႕မ်က္ၾကည္လႊာရဲ႕ရာဇ၀င္ေလးကို မေၾကာက္မရြံ႕ အလြတ္ရေအာင္ေငးေနတယ္။ မင္းကေတာ့ ထမင္းဆိုင္ေလးအတြက္ အၿပံဳးနဲ႔ေရာင္းခ်ရင္း ေစ်း၀ယ္သူေတြကို ေငးလို႔ေပါ့။ ဒါပဲေလ။ တစ္စံုတစ္ရာကိုျဖစ္ျဖစ္ ေငးေမာျခင္းမွာသစၥာ႐ွိရမယ္ေလ။ ကိုယ္တို႔မွမဟုတ္ဘူး။ သမၼတႀကီးလည္း ေငးတာပဲ။ ျပည္သူေတြဆီ စကၠန္႔မလပ္ေငးၾကည့္ေနတာေလ။ နဖူးနည္းနည္းေျပာင္တာေတာ့ အျပစ္မေျပာနဲ႔ေလေနာ္ ညီမေလး။ သူ႔မွာလည္း အပူေတြေတာ္ေတာ္မ်ားေနေလာက္ၿပီေလ။ ဆင္ဆာဆိုတာမ်ိဳးက ဆင္ရဲ႕အစာလိုႀကံတစ္စည္းေလာက္နဲ႔တင္ ၿပီးတာမွမဟုတ္ဘဲ။ မယံုရင္ဂ်ာနယ္၀ယ္ဖတ္ၾကည့္ေလ။ ဒီမိုကေရစီဆိုတာ တစ္ရာတည္းရယ္။ ၾကားဖူးမွာပါ။ ကားေတြတအားက်ပ္တဲ့အခါ လမ္းမႀကီးတစ္ခုလံုးမေစာင့္ႏိုင္ဘဲ ေမာင္းသြားသလိုေပါ့။ သိပ္ခက္ခဲတယ္။ စႏိုက္ပါေသနတ္လို။ စႏိႈး၀ိႈက္ေတာ့မဟုတ္ဘူး။ ဖုိးသူေတာ္၀တ္စံုလိုပဲ ၀တ္ေနရမယ္။ အဲ...အဲ...အဲ...ေျပာရင္းဆိုရင္းေနျပည္ေတာ္နားေရာက္လာျပန္ၿပီ။ ျပန္ေကြ႕ရမယ္ေလ။ အလည္မသြားခ်င္ပါဘူး။ ရန္ကုန္မွာ အိမ္ပိုင္ယာပိုင္မရွိေပမယ့္ ေျခသုတ္ခံုေလးကို ဖိနပ္လုပ္ၿပီးစီးထားတယ္။ အဲဒါဆိုေတာ့ ဘယ္လမ္း၀င္၀င္ ဘယ္လမ္းထြက္ထြက္ ေျခဦးတည့္ရာ ကိုယ့္အိမ္ပဲ။ ဖိနပ္မေပ်ာက္မခ်င္း အိမ္ပိုင္ယာပိုင္ေပ့ါ။ အဲဒီလိုေတြးေခၚဖူးတယ္။ ဟိုးမွာ ေတြ႕လား။ အဲဒီရပ္ကြက္လူႀကီးက ေရမိုးမခ်ိဳးရေသးတဲ့မ်က္လံုးနဲ႔ကိုယ့္ကို မသကၤာသလိုၾကည့္တယ္။ ေထာက္ခံစာေပးလို႔မရဘူးတဲ့။ တစ္ခုခုေတာ့ တစ္ခုခုပဲ။ ဘာဆာေနသလဲေတာ့ မသိဘူး။ အဆင္ေျပသြားမွာပါေလ။ သူ႔မွာရန္ကုန္လမ္းညႊန္ရွိေလာက္ပါတယ္။ ဒီမယ္ ၀န္ႀကီးေတြစီးသြားတဲ့ကားအေကာင္းစားေတြကို ေလွ်ာက္ေငးမေနပါနဲ႔။ ေလာေလာဆယ္ ၾကက္သြန္ျဖဴနဲ႔ င႐ုတ္သီးစိမ္းက အေရးႀကီးတယ္။ ေနာက္ၿပီး ေရေႏြးလိုက္ပဲြေပးပါဦး။ ကြၽန္ေတာ္ကေျပးေနတာမဟုတ္ပါဘူး။ ေဘး၀ိုင္းကလူေတြဆူလြန္းလို႔ ကြၽန္ေတာ့္အသံကိုဖမ္းမမိတာျဖစ္ပါလိမ့္မယ္။ အသြင္ေျပာင္းသြားတဲ့ပံုစံလိုကြၽန္ေတာ္ပုဆိုးမ၀တ္တတ္၀တ္တတ္နဲ႔ ၀တ္ေနတာ လိမၼာလာတာမဟုတ္ပါဘူး။ ေဘာင္းဘီတစ္ထည္မွ မရွိေတာ့လို႔ပါ။ ကဲပါ ျပန္ေကြ႕ၾကပါဦးစို႔။ လင္းလင္းခ်င္းခ်င္း မေနတတ္ေတာ့တာ အျပစ္ေတာ့မဟုတ္ပါဘူး။ ခဏခဏ ေမွာင္ေနတာၾကာၿပီေလ။ ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းပဲေျပာေနပါတယ္ဆိုေနမွ။ သံတိုင္ၾကားကေမာင့္မ်က္ႏွာ ဇာတ္ကားကို မင္းသားလုပ္ၿပီး ကိုယ့္ကို႐ိုက္ခိုင္းခ်င္တာလား။ ဒါမွမဟုတ္ ေျခာက္ေပါက္ထဲကအလြမ္း။ ဒါမွမဟုတ္ တိုက္ပိတ္ထဲက ကိုကို႔ကဗ်ာလား။ ဖြဟဲ့ လဲြပါေစ ဖယ္ပါေစ။ ေနာက္ဆို ဆီသန္႔သန္႔နဲ႔ေၾကာ္ေနာ္။ တံေတြးေတြစင္လို႔ပါ။ ကြၽန္ေတာ္ ဘာဆိုဘာမွနားမလည္ပါဘူး။ ညီမေလးေရ ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းပဲ ကိုယ္ဆက္ေျပာမယ္ေနာ္။ မင္းတအားလွတယ္သိလား။ စကားလံုးရွာမရေအာင္လွတယ္။ ဒါနဲ႔မ်ား ကိုယ့္ကိုတခ်ိဳ႕က စကားလံုးေတြထပ္တယ္ထပ္တယ္နဲ႔။ ဘယ္သူကမ်ား ကိုယ္ပိုင္စကားလံုးေတြနဲ႔ တိုက္ဘယ္ႏွထပ္ျမင့္ေအာင္တည္ခဲ့ဖူးသလဲေျပာ။ အင္းပါ ဒါေတြထားလိုက္ပါေတာ့။ မင္းႏႈတ္ခမ္းေလးနဲ႔ ႏွင္းဆီဖူး ညီအစ္မဘယ္ႏွ၀မ္းကဲြေတာ္သလဲဟင္။ ကိုယ့္မွာ ဖုန္းဘီလ္ဘယ္ေလာက္ရွိသလဲထပ္မေမးနဲ႔ေနာ္။ ဖက္နမ္းမိလိမ့္မယ္။ ပုဒ္မဘယ္ေလာက္နဲ႔ ၿငိစြန္းသလဲေတာ့ ကိုယ့္အသိေရွ႕ေနကိုၾကည္တင့္ကိုေခၚခဲ့မယ္ေလ။ စကားမစပ္ နားကြင္းေလးနဲ႔ သိပ္လိုက္တာပဲကြယ္။ သူ႔ကိုေတာ့ ပုစြန္ဟင္းနဲ႔ထမင္းတစ္ပဲြျပင္ေပးလိုက္ေနာ္။ ကိုယ္ေတာ့ ေအးေအးလူလူျဖစ္သြားေအာင္ ေရေႏြးပဲမႈတ္ေသာက္ေနပါ့မယ္။ ကိုယ္ကမိုးေခါင္ေနတာၾကာၿပီေလ။ ဒါေပမဲ့ မင္းရဲ႕မ်က္၀န္းကဗ်ာကိုခ်စ္ခဲ့ျခင္းက ရြာရန္ရြာႏႈန္း ၁၀၀%။ ဒါလည္း တရားပါတယ္ကြယ္။ ကိုလင္းသဏ္ညီဆဲြေပးသြားတဲ့ ကိုယ့္ရဲ႕ပံုတူေလးဟာ သိပ္ပိန္တာပဲ။ ကိုညီကြၽန္ေတာ့္ကို ဆံုးမပါဦးဆိုေတာ့ ေျပာလို႔လည္းမရဘူးဆိုေတာ့ နားအံု႐ိုက္ဖုိ႔ပဲရွိေတာ့တယ္ေျပာတယ္။ လူ႔ခ်ဥ္ဖတ္ျဖစ္ေအာင္မေနနဲ႔လို႔ေျပာၿပီး ပိုက္ဆံငါးေထာင္ေခ်းေပးလိုက္တယ္။ ဒီတစ္ခါလည္း ျပန္ဆပ္ရင္ အစ္ကိုက ယူမယ္မထင္ဘူး။ အဲဒါလည္း တရားပါတယ္။ မ၀ယ္ႏိုင္ဘဲနဲ႔ စာအုပ္အေဟာင္းဆိုင္ကို ေငးတာေလးကအစ။ ရွန္ဂရီလာဟိုတယ္ကို ကိုယ္ငံု႔ၾကည့္လို႔မျဖစ္ႏုိင္တာအဆံုး တရားပါတယ္။ အဲဒါေၾကာင့္ပဲ မဆီမဆိုင္ မင္းကိုကိုယ္ခ်စ္မိတယ္။ ကိုယ့္ရထားလက္မွတ္ေလး ဒိတ္လြန္သြားၿပီ။ ဒါေပမဲ့ မင္းနဲ႔အတူလာခဲ့မွ စီးခြင့္ေပးမယ္လို႔ ႐ံုပိုင္ကေျပာတယ္။ မ၀ယ္စားဖူးတဲ့ဂံုးတံတားေပၚက ဖရဲသီးစိတ္ေလးေတြ ခ်ိဳၿမဲခ်ိဳေနဦးမွာပါ။ မင္းႏႈတ္ခမ္းေလးနဲ႔စားရင္ေလ။ ဘာထူးေသးလဲ။ အဲလ္ကြန္းကို လြမ္းေနတဲ့႐ုပ္ရွင္လက္မွတ္ေဟာင္းေလးႏွစ္ရြက္ကေကာ အားလံုးက ေျပာၾကပါတယ္။ အမဲအူျပဳတ္ေသာက္ရင္အားရွိတယ္တဲ့။ ေဒါက္တာ၀ိုင္ခ်ိဳေျပာမွ သတိရတယ္။ သူရယ္ကိုယ္ရယ္တစ္ေယာက္တစ္ပဲြစီဆိုေတာ့ မရွိမဲ့ရွိမဲ့ ကိုယ္တစ္ေထာင္ကုန္သြားတာေပါ့။ ပိုက္ဆံငါးရာရွိတဲ့အခါ ကိုယ္အဲဒီဆိုင္ေလးကို ေျပးေတာ့တာပဲ။ မင္းကိုခ်စ္ေပမယ့္ မင္းတို႔ဆိုင္က မခူးရေသးတဲ့ထမင္းပဲြေလးက ကိုယ့္ကိုေအာ္ေျပာတယ္။ ရွစ္ရာတဲ့။ ဒီတစ္ခါလည္း ကိုယ္ဖ်ားသြားတာခြင့္လႊတ္ေပးပါ။မင္းတို႔ဆိုင္မွာစားသံုးသြားသူေတြရဲ႕ထမင္းက်န္ဟင္းက်န္ေလာက္မွ အဖိုးမတန္တဲ့သူပါကြယ္။ တံြေတးသိန္းတန္တို႔ၿမိဳ႕ကလာခဲ့တဲ့ညီမေလးေရ။ ေထြးညိဳသီခ်င္းေလးနဲ႔ကိုယ့္ကို တရားေဟာေပးပါလား။ အေဆြးဆိုတာ ေဖ်ာက္ဖ်က္ပစ္ရတယ္လို႔ေလ။ အေဆြးေပ်ာက္မေပ်ာက္ေတာ့မသိဘူး။ ဖိနပ္ေပ်ာက္ေတာ့ပိုေဆြးမိတာပဲ။ ေျခသုတ္ခံုေလးနဲ႔ ခ်ဳပ္ထားတဲ့ဖိနပ္ေပ်ာက္သြားေတာ့ ရန္ကုန္မွာ အိုးပိုင္အိမ္ပိုင္မရွိတဲ့ကိုယ္ေလ ၃၈လမ္းမင္းတို႔ဆိုင္ေဘးက လက္ဖက္ရည္ဆိုင္ေလးေရာက္တိုင္း ကိုယ့္အိမ္ကိုယ့္ယာေရာက္ေနသလို ေရေႏြးေတြတစ္ခြက္ၿပီးတစ္ခြက္ တစ္ေနကုန္ေသာက္ေနမိေတာ့တာပဲ။ ဟုိတစ္ေလာကေတာင္ ဆရာသစၥာနီထမင္းစားခါနီးကိုယ္ေရာက္သြားတယ္။ စားၿပီးၿပီလားတဲ့ ကိုယ့္ကိုေမးတယ္။ မစားရေသးဘူးဆရာဆိုေတာ့ ကိုယ့္ကိုသနားလို႔ထင္ပါတယ္။ ေန႔လယ္စာထမင္းေကြၽးသြားေသးတယ္။ ၾကက္သားဖတ္ကိုဇြန္းနဲ႔ဖဲ့ေနရင္း ထမင္းမကုန္ခင္ ဆရာသစၥာနီရဲ႕ပန္းကန္ေလး က်ကဲြသြားေသးတာမွတ္မိေသးလား။ ဆရာ့ကိုထမင္းအလြတ္ျပန္မွာပါဦးလို႔ ေျပာတာလည္း မရဘူး။ ပိုက္ဆံရွင္းေတာ့ ပန္းကန္ဖိုးပါထည့္ယူလိုက္သမီးတဲ့။ က်သင့္ေငြကို မင္းလာယူတဲ့အခါ ႐ုပ္တည္ေလးကို ကိုယ္ကတိတ္ဆိတ္စြာပဲေကာ္ထိုင္ခံုေလးကေန ၾကည့္ေငးရင္း ရင္ထဲမွာကဗ်ာေတြတစ္ပုဒ္ၿပီးတစ္ပုဒ္ေရးေနတယ္။ ႀကံဳတဲ့အခါ မင္းကိုဖတ္ခိုင္းမယ္ေလ။ တစ္ခါတေလ ကိုယ္မူးေနာက္ရီေ၀ၿပီး မင္းတို႔ဆိုင္ေရွ႕က ျဖတ္ေလွ်ာက္မိတဲ့အခါ(ဘယ္လိုမွလည္း ေနမွာမဟုတ္ပါဘူး ကိုယ္စိတ္ခ်မ္းသာေအာင္ေျပာၾကည့္တာပါ။) မ်က္ေစာင္း တစ္ခ်က္ေလာက္ေတာ့ထိုးခဲ့ဖူးမွာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ပါ။ မင္းရဲ႕ကိုယ္သင္းနံ႔ေလးနဲ႔ ျပည္၀င္ခြင့္ေပးမွ ကိုယ့္ခ်စ္ျခင္းအကၡရာက အ,သံုးလံုးေက်မွာမို႔ပါ။
ကမၻာႀကီးပူေႏြးလာတာေသခ်ာလားလို႔အိမ္ေပါက္ေစ့လိုက္ၿပီး တံခါးေခါက္ေမးေနစရာမလိုတာၾကာၿပီ။ ထို႔ေနာက္ လမ္းမ်ားမ်ားေလွ်ာက္သင့္တာၾကာၿပီ။ စာအုပ္စာေပေတြထဲက ၀ိညာဥ္ေပါင္းေျမာက္ျမားစြာႏွင့္ဘီယာဆိုင္အတူထိုင္ရဦးမည္။ ရန္ကုန္ၿမိဳ႕ႀကီးကတစ္တပ္လံုး ကြၽန္ေတာ့္မွာက ပိုက္ဆံသံုးရာတည္းရယ္ ဘယ္မ်ဥ္းၾကားကကူးရမလဲ။ အဲဒီကဗ်ာေရးၿပီးေနာက္ပိုင္းေန႔ခင္းေၾကာင္ေတာင္ တေစၦေၾကာက္လာပါေတာ့သည္။ လိုင္းညြန္ဆိုင္းဘုတ္မ်ား၊ ပလပ္စတစ္ေကာက္သူမ်ား၊ ခိုးကူးေခြမ်ား၊ အျပာစာအုပ္မ်ား၊ ထပ္၍ထပ္၍ ပိုအျပာမ်ား၊ ကဗ်ာေတြေရးၿပီး ကဗ်ာမစစ္သူေတြနဲ႔ ပခံုးခ်င္းတိုက္မိမွာလည္း အားနာလွပါသည္။ အေမ့အတြက္စံပယ္တစ္ပြင့္တည္းပါလာ၍ အဲဒီစင္ေရာ္ေတာင္မ်က္ခံုးေမြးနားမွာ ကြၽန္ေတာ္စီးလာသည့္ Taxi မရပ္ခိုင္းေတာ့ပါ။ လက္ထဲကိုင္ထားသည့္ အခ်ိန္တန္လွ်င္ေပ်ာ္က်မည့္ ေရခဲတံုးေလးသည္ မိဘမဲ့ေလးလား။ ကြၽန္ေတာ္ေမးၾကည့္ေသာအခါ သူမေျဖပါ။ ေလာကမွာမေပ်ာ္ခ်င္သူမ်ားထဲတြင္ ထိုေရခဲတံုးေလးကထိပ္ဆံုးမွပါလိမ့္မည္။ သနားလြန္း၍ ေရခဲေသတၱာထဲတြင္ နားနားေနေနျပန္အိပ္ခိုင္းထားလိုက္သည္။ ပိရမစ္ထဲ၌ ဘုရင္ေတြခန္႔ခန္႔ထည္ထည္ အိပ္ေနပံုမ်ိဳး။ ကြၽန္ေတာ္လည္း အေမ့ဆီဖုန္းဆက္ရဦးမည္။ ဒီတစ္ပတ္ဘာဂဏန္းထြက္သြားသလဲ လာမေျပာၾကပါႏွင့္။ ကြၽန္ေတာ့္အေမဘုရားရွိခိုးေနပါသည္။ ထို႔ေနာက္ ကြၽန္ေတာ့္အတြက္ေမတၱာပို႔ေပးဦးမည္။ ထိုေမတၱာဓာတ္ေၾကာင့္ပဲ ကြၽန္ေတာ့္မွာ ေခြး႐ူးကိုက္၍ မေသ။ အဆိပ္တိုက္လို႔လည္း မေသ။ နာနာဘာ၀ေတြ ေျမွာက္ပင့္ေခၚေဆာင္ျခင္းေၾကာင့္လည္း ေသရြာမေရာက္ခဲ့။ ေရေႏြးဓာတ္ဘူး တစ္ဘူးေပးပါဦး။ ကြၽန္ေတာ့္ကဗ်ာေတြစာေတြကို ဘယ္လိုသေဘာရပါသလဲဆိုေတာ့ သူေမ့ေမ်ာသြားပါသည္။ ထို႔ေနာက္ ေဟးလား၀ါးလားေနာက္ေျပာင္ရင္း ဘယ္ဆီဘယ္၀ယ္မသိ ထြက္သြားေလေတာ့သည္။ ထိုသူေအာင္မွတ္မရ။ ကြၽန္ေတာ္သာက်႐ႈံးသြားသည္။ မင္နီမ်ား၊ ေကာင္းေရာင္းေကာင္း၀ယ္မ်ား၊ ေဗဒင္မ်ား၊ ယၾတာမ်ား။ ေခါင္းေလာင္းေလးေတြျမည္ေနၿပီ။ ေခါင္းေလာင္းႀကီးျခင္းေသးျခင္းသည္ အဓိကမဟုတ္ပါ။ ယံုၾကည္သက္၀င္စိတ္ႏွင့္ ဆုေတာင္းထိုးခြင့္ရလွ်င္ ဘယ္ေလာက္ေသးေသး ဘာ၀နာပြား၍ရပါသည္။ သစၥာတရားႏွင့္ေခါင္းေလာင္ထိုးတံကို ကိုင္ပါ။ ၿပီးေနာက္ ယံုယံုၾကည္ၾကည္ဆုပန္ပါ။ စကားမစပ္ နဂါးႏွင့္ကြၽန္ေတာ္သည္ သူငယ္ခ်င္းျဖစ္ပါသည္။ မယံုမရွိၾကပါႏွင့္။ အဲဒီေကာင္က ကဗ်ာလည္းေရးပါသည္။ စကားသိပ္မပီ႐ံုမွလဲြ၍ ခုထက္ထိ ၾကယ္စင္ေရာင္(ဘူမိ) ျဖစ္ေနတုန္းပင္။ သီခ်င္းေရးသည္။ ဂီတစာဆိုဟုလႊမ္းပိုင္မေျပာခင္ကတည္းက ဂီတကိုစာလိုဆိုတတ္၍သူ႔ကိုဂီတစာဆိုဟု ကြၽန္ေတာ္တို႔ခ်စ္စႏိုးႏွင့္စခဲ့ဖူးသည္။ ေနာက္ၿပီး ေဆာင္းပါးေရးသည္။ ၀တၳဳေရးသည္။ တစ္ခါတစ္ခါ သူအမူးလြန္လာေသာအခါ ကြၽန္ေတာ္တို႔နာမည္ေတြေခၚေခၚၿပီးငို၏။ မေသေသးေသာ္လည္း လြမ္းလြန္းလို႔တဲ့။ ဂီတဂုဏ္ေဆာင္ရဲရင့္ေအာင္မဟုတ္ပါ။ နဂါးသာျဖစ္ပါသည္။ ထို႔ေၾကာင့္ နဂါးႏွင့္ကြၽန္ေတာ္သူငယ္ခ်င္းေတာ္ပါသည္။ စံပယ္ရြာသူေလးရယ္ မဆီမဆိုင္ နဂါးကိုမေတြ႕ခ်င္ပါနဲ႔။ ဒီေကာင္က ယာဥ္ေမာင္းၾကမ္းတယ္။ ခဏခဏေလ်ာ္ရတယ္လို႔ၾကားတယ္။ မစခင္ကတည္းကေျပာထားရဲ႕သားနဲ႔ စံပယ္ရြာသူေလးနဲ႔မဆီမဆိုင္ပါလို႔ ထိုင္ေနတာလည္းၾကာၿပီ။ ကိုယ္လည္းျပန္ေတာ့မယ္။

မိုဃ္းဇက္ေသာ္
၂၉.၈.၂၀၁၄
ကေလးၿမိဳ႕ရသစံုဂ်ာနယ္၊ ၂၀၁၅

Unicode fonts
....
စံပယ်ရွာသူလေးနဲ့ မဆီမဆိုင်
+++++++++++++++++++

ဘယ်လမ်းလို့အတိအကျမပြောတော့ဘူး။ ဒါပေမဲ့ အဲဒီလမ်းထဲမှာ ချစ်သူရှိတယ်။ သူမဟာ လည်ဂုတ်လောက်မရှည့်တရှည်ဆံပင်လေးယမ်းပြီး ကျွန်တော်နဲ့စကားတစ်ခွန်းမှ မပြောခဲ့ဖူးဘဲ နာမည်လည်း မသိရဘဲ ကျွန်တော်က ချစ်မိတယ်တဲ့။ ရှက်စရာပဲ။ လက်ဖက်ရည်ဆိုင်က အကြွေးလည်းမရှင်းရသေးဘူး။ ခလုတ်က တိုက်မိပြန်ပြီ။ မင်းရဲ့ရင်ခုန်သံကို ပြန်ဆွဲနှုတ်။ နောက်ပြီး မေတ္တာသုတ်ပဲရွတ်နေ။ ဟဲလို...ဟုတ်ကဲ့...အခုပြောနေတာ ကျွန်တော်လားဟင် (လူရွှင်တော်လေသံနဲ့)။ နားထဲမှာလည်း ဂျစ် ဂျစ် ဂျစ် ဂျစ်နဲ့ ကြောင်တစ်ကောင်၀င်ကုတ်နေတာလား။ ဒါမှမဟုတ် ဖုန်းလိုင်းမမိတာလား။ နားမှာယားတယ်။ နှာဆက်ချေတယ်။ ဟတ်...ချိုး...ဘုရား...ဘုရား...။ မင်းကိုကိုယ်ချစ်မိတယ်။ ကောင်းလေစွ။ ဘာမှလည်းမဆိုင်ဘူး။ မှတ်ပုံတင်ကပျောက်သွားပြန်ပြီ။ နောက်တစ်ခါ မှတ်ပုံတင်ရဲ့ဂဏန်းကို ၁၅၀၀လို့ပြောင်းရေးခိုင်းပြီး မင်းကိုပြရဦးမယ်။ ခွေးလေခွေးလွင့်တွေတော့ဟောင်နေမှာပဲနော်။ ဂရုမစိုက်ပါနဲ့။ မင်းကလည်း မခင်မမင်နဲ့ ရယ်နေဦးမှာပါပဲလေ။ အင်း ဟုတ်တယ်။ အဲဒီ အရယ်၊ ရယ်မောခြင်း။ မင်းကိုဘယ်အချိန်ကြည့်ကြည့် အရယ်အမောတွေတစ်တောင်လုံးပြိုကျနေသလို မမောမပန်းဘဲလှတယ်။ နည်းနည်းလောက် ကိုယ့်ကိုချေးပါလားကွယ်။ ဒီကောင်ကဘယ်လိုနှိုးနှိုး မရွေ့တော့ဘူး။ နှလုံးသားသံပတ်ပျက်နေတာကြာပြီလေ။ လက်ညှိုးညွှန်ရာ ရွာသာကြီးပဲဖြစ်တော့မယ်ထင်တယ်။ မြေလွတ်မြေရိုင်းလို အစကနေအဆုံး ကိုယ့်ကိုမင်းကြိုက်သလိုပျိုးပါ။ ကိုယ်ဟာ စစ်အတွင်းကဗုံးတစ်လုံးဖြစ်မယ်ဆိုရင်တောင်မှ မင်းကို စနက်တံလေးအဖြစ်နဲ့ အန္တရာယ်ကင်းရာမှာ ဖြုတ်ချကျန်ရစ်စေခဲ့မယ်။ ကိုယ့်တစ်ဘ၀လုံးလွင့်စဉ်ကွဲကြေသွားစမ်းပါစေကွယ်။ ဘုရားရှိခိုးအမျှေ၀ပေးမယ့် မင်းရဲ့အသံလေးမှာ ကိုယ့်နာမည်ကြားလိုက်မိရုံနဲ့ပဲ ဆိုင်ရာပိုင်ရာတွေကို တောင်းပန်ပြီး လူအဖြစ်မြန်မြန်ပြန်၀င်စားမယ်။ နောက်ပြီးမင်းကို ကိုယ်ဆက်ချစ်မယ်။ အဲဒီအခါကျတော့ မမနဲ့မောင်လေးပေါ့ကွယ်။ တရားပါတယ်။ လောလောဆယ် ဖိနပ်စုတ်လေးကို ထည်ထည်ဝါဝါချွတ်ပြီး ရွှေတိဂုံဘုရားကို ခမ်းခမ်းနားနားဖူးကြမယ်။ လေဆန်ရေဆန်မှာ လိုက်ရဲတယ်ဆိုရင် ကိုယ်ကျောပိုးပြီးခေါ်ပါ့မယ်။ ခုတော့ မင်းရဲ့မျက်ကြည်လွှာရဲ့ရာဇ၀င်လေးကို မကြောက်မရွံ့ အလွတ်ရအောင်ငေးနေတယ်။ မင်းကတော့ ထမင်းဆိုင်လေးအတွက် အပြုံးနဲ့ရောင်းချရင်း ဈေး၀ယ်သူတွေကို ငေးလို့ပေါ့။ ဒါပဲလေ။ တစ်စုံတစ်ရာကိုဖြစ်ဖြစ် ငေးမောခြင်းမှာသစ္စာရှိရမယ်လေ။ ကိုယ်တို့မှမဟုတ်ဘူး။ သမ္မတကြီးလည်း ငေးတာပဲ။ ပြည်သူတွေဆီ စက္ကန့်မလပ်ငေးကြည့်နေတာလေ။ နဖူးနည်းနည်းပြောင်တာတော့ အပြစ်မပြောနဲ့လေနော် ညီမလေး။ သူ့မှာလည်း အပူတွေတော်တော်များနေလောက်ပြီလေ။ ဆင်ဆာဆိုတာမျိုးက ဆင်ရဲ့အစာလိုကြံတစ်စည်းလောက်နဲ့တင် ပြီးတာမှမဟုတ်ဘဲ။ မယုံရင်ဂျာနယ်၀ယ်ဖတ်ကြည့်လေ။ ဒီမိုကရေစီဆိုတာ တစ်ရာတည်းရယ်။ ကြားဖူးမှာပါ။ ကားတွေတအားကျပ်တဲ့အခါ လမ်းမကြီးတစ်ခုလုံးမစောင့်နိုင်ဘဲ မောင်းသွားသလိုပေါ့။ သိပ်ခက်ခဲတယ်။ စနိုက်ပါသေနတ်လို။ စနှိုး၀ှိုက်တော့မဟုတ်ဘူး။ ဖိုးသူတော်၀တ်စုံလိုပဲ ၀တ်နေရမယ်။ အဲ...အဲ...အဲ...ပြောရင်းဆိုရင်းနေပြည်တော်နားရောက်လာပြန်ပြီ။ ပြန်ကွေ့ရမယ်လေ။ အလည်မသွားချင်ပါဘူး။ ရန်ကုန်မှာ အိမ်ပိုင်ယာပိုင်မရှိပေမယ့် ခြေသုတ်ခုံလေးကို ဖိနပ်လုပ်ပြီးစီးထားတယ်။ အဲဒါဆိုတော့ ဘယ်လမ်း၀င်၀င် ဘယ်လမ်းထွက်ထွက် ခြေဦးတည့်ရာ ကိုယ့်အိမ်ပဲ။ ဖိနပ်မပျောက်မချင်း အိမ်ပိုင်ယာပိုင်ပေ့ါ။ အဲဒီလိုတွေးခေါ်ဖူးတယ်။ ဟိုးမှာ တွေ့လား။ အဲဒီရပ်ကွက်လူကြီးက ရေမိုးမချိုးရသေးတဲ့မျက်လုံးနဲ့ကိုယ့်ကို မသင်္ကာသလိုကြည့်တယ်။ ထောက်ခံစာပေးလို့မရဘူးတဲ့။ တစ်ခုခုတော့ တစ်ခုခုပဲ။ ဘာဆာနေသလဲတော့ မသိဘူး။ အဆင်ပြေသွားမှာပါလေ။ သူ့မှာရန်ကုန်လမ်းညွှန်ရှိလောက်ပါတယ်။ ဒီမယ် ၀န်ကြီးတွေစီးသွားတဲ့ကားအကောင်းစားတွေကို လျှောက်ငေးမနေပါနဲ့။ လောလောဆယ် ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းက အရေးကြီးတယ်။ နောက်ပြီး ရေနွေးလိုက်ပွဲပေးပါဦး။ ကျွန်တော်ကပြေးနေတာမဟုတ်ပါဘူး။ ဘေး၀ိုင်းကလူတွေဆူလွန်းလို့ ကျွန်တော့်အသံကိုဖမ်းမမိတာဖြစ်ပါလိမ့်မယ်။ အသွင်ပြောင်းသွားတဲ့ပုံစံလိုကျွန်တော်ပုဆိုးမ၀တ်တတ်၀တ်တတ်နဲ့ ၀တ်နေတာ လိမ္မာလာတာမဟုတ်ပါဘူး။ ဘောင်းဘီတစ်ထည်မှ မရှိတော့လို့ပါ။ ကဲပါ ပြန်ကွေ့ကြပါဦးစို့။ လင်းလင်းချင်းချင်း မနေတတ်တော့တာ အပြစ်တော့မဟုတ်ပါဘူး။ ခဏခဏ မှောင်နေတာကြာပြီလေ။ ချစ်ကြောင်းကြိုက်ကြောင်းပဲပြောနေပါတယ်ဆိုနေမှ။ သံတိုင်ကြားကမောင့်မျက်နှာ ဇာတ်ကားကို မင်းသားလုပ်ပြီး ကိုယ့်ကိုရိုက်ခိုင်းချင်တာလား။ ဒါမှမဟုတ် ခြောက်ပေါက်ထဲကအလွမ်း။ ဒါမှမဟုတ် တိုက်ပိတ်ထဲက ကိုကို့ကဗျာလား။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ နောက်ဆို ဆီသန့်သန့်နဲ့ကြော်နော်။ တံတွေးတွေစင်လို့ပါ။ ကျွန်တော် ဘာဆိုဘာမှနားမလည်ပါဘူး။ ညီမလေးရေ ချစ်ကြောင်းကြိုက်ကြောင်းပဲ ကိုယ်ဆက်ပြောမယ်နော်။ မင်းတအားလှတယ်သိလား။ စကားလုံးရှာမရအောင်လှတယ်။ ဒါနဲ့များ ကိုယ့်ကိုတချို့က စကားလုံးတွေထပ်တယ်ထပ်တယ်နဲ့။ ဘယ်သူကများ ကိုယ်ပိုင်စကားလုံးတွေနဲ့ တိုက်ဘယ်နှထပ်မြင့်အောင်တည်ခဲ့ဖူးသလဲပြော။ အင်းပါ ဒါတွေထားလိုက်ပါတော့။ မင်းနှုတ်ခမ်းလေးနဲ့ နှင်းဆီဖူး ညီအစ်မဘယ်နှ၀မ်းကွဲတော်သလဲဟင်။ ကိုယ့်မှာ ဖုန်းဘီလ်ဘယ်လောက်ရှိသလဲထပ်မမေးနဲ့နော်။ ဖက်နမ်းမိလိမ့်မယ်။ ပုဒ်မဘယ်လောက်နဲ့ ငြိစွန်းသလဲတော့ ကိုယ့်အသိရှေ့နေကိုကြည်တင့်ကိုခေါ်ခဲ့မယ်လေ။ စကားမစပ် နားကွင်းလေးနဲ့ သိပ်လိုက်တာပဲကွယ်။ သူ့ကိုတော့ ပုစွန်ဟင်းနဲ့ထမင်းတစ်ပွဲပြင်ပေးလိုက်နော်။ ကိုယ်တော့ အေးအေးလူလူဖြစ်သွားအောင် ရေနွေးပဲမှုတ်သောက်နေပါ့မယ်။ ကိုယ်ကမိုးခေါင်နေတာကြာပြီလေ။ ဒါပေမဲ့ မင်းရဲ့မျက်၀န်းကဗျာကိုချစ်ခဲ့ခြင်းက ရွာရန်ရွာနှုန်း ၁၀၀%။ ဒါလည်း တရားပါတယ်ကွယ်။ ကိုလင်းသဏ်ညီဆွဲပေးသွားတဲ့ ကိုယ့်ရဲ့ပုံတူလေးဟာ သိပ်ပိန်တာပဲ။ ကိုညီကျွန်တော့်ကို ဆုံးမပါဦးဆိုတော့ ပြောလို့လည်းမရဘူးဆိုတော့ နားအုံရိုက်ဖို့ပဲရှိတော့တယ်ပြောတယ်။ လူ့ချဉ်ဖတ်ဖြစ်အောင်မနေနဲ့လို့ပြောပြီး ပိုက်ဆံငါးထောင်ချေးပေးလိုက်တယ်။ ဒီတစ်ခါလည်း ပြန်ဆပ်ရင် အစ်ကိုက ယူမယ်မထင်ဘူး။ အဲဒါလည်း တရားပါတယ်။ မ၀ယ်နိုင်ဘဲနဲ့ စာအုပ်အဟောင်းဆိုင်ကို ငေးတာလေးကအစ။ ရှန်ဂရီလာဟိုတယ်ကို ကိုယ်ငုံ့ကြည့်လို့မဖြစ်နိုင်တာအဆုံး တရားပါတယ်။ အဲဒါကြောင့်ပဲ မဆီမဆိုင် မင်းကိုကိုယ်ချစ်မိတယ်။ ကိုယ့်ရထားလက်မှတ်လေး ဒိတ်လွန်သွားပြီ။ ဒါပေမဲ့ မင်းနဲ့အတူလာခဲ့မှ စီးခွင့်ပေးမယ်လို့ ရုံပိုင်ကပြောတယ်။ မ၀ယ်စားဖူးတဲ့ဂုံးတံတားပေါ်က ဖရဲသီးစိတ်လေးတွေ ချိုမြဲချိုနေဦးမှာပါ။ မင်းနှုတ်ခမ်းလေးနဲ့စားရင်လေ။ ဘာထူးသေးလဲ။ အဲလ်ကွန်းကို လွမ်းနေတဲ့ရုပ်ရှင်လက်မှတ်ဟောင်းလေးနှစ်ရွက်ကကော အားလုံးက ပြောကြပါတယ်။ အမဲအူပြုတ်သောက်ရင်အားရှိတယ်တဲ့။ ဒေါက်တာ၀ိုင်ချိုပြောမှ သတိရတယ်။ သူရယ်ကိုယ်ရယ်တစ်ယောက်တစ်ပွဲစီဆိုတော့ မရှိမဲ့ရှိမဲ့ ကိုယ်တစ်ထောင်ကုန်သွားတာပေါ့။ ပိုက်ဆံငါးရာရှိတဲ့အခါ ကိုယ်အဲဒီဆိုင်လေးကို ပြေးတော့တာပဲ။ မင်းကိုချစ်ပေမယ့် မင်းတို့ဆိုင်က မခူးရသေးတဲ့ထမင်းပွဲလေးက ကိုယ့်ကိုအော်ပြောတယ်။ ရှစ်ရာတဲ့။ ဒီတစ်ခါလည်း ကိုယ်ဖျားသွားတာခွင့်လွှတ်ပေးပါ။မင်းတို့ဆိုင်မှာစားသုံးသွားသူတွေရဲ့ထမင်းကျန်ဟင်းကျန်လောက်မှ အဖိုးမတန်တဲ့သူပါကွယ်။ တံွတေးသိန်းတန်တို့မြို့ကလာခဲ့တဲ့ညီမလေးရေ။ ထွေးညိုသီချင်းလေးနဲ့ကိုယ့်ကို တရားဟောပေးပါလား။ အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရတယ်လို့လေ။ အဆွေးပျောက်မပျောက်တော့မသိဘူး။ ဖိနပ်ပျောက်တော့ပိုဆွေးမိတာပဲ။ ခြေသုတ်ခုံလေးနဲ့ ချုပ်ထားတဲ့ဖိနပ်ပျောက်သွားတော့ ရန်ကုန်မှာ အိုးပိုင်အိမ်ပိုင်မရှိတဲ့ကိုယ်လေ ၃၈လမ်းမင်းတို့ဆိုင်ဘေးက လက်ဖက်ရည်ဆိုင်လေးရောက်တိုင်း ကိုယ့်အိမ်ကိုယ့်ယာရောက်နေသလို ရေနွေးတွေတစ်ခွက်ပြီးတစ်ခွက် တစ်နေကုန်သောက်နေမိတော့တာပဲ။ ဟိုတစ်လောကတောင် ဆရာသစ္စာနီထမင်းစားခါနီးကိုယ်ရောက်သွားတယ်။ စားပြီးပြီလားတဲ့ ကိုယ့်ကိုမေးတယ်။ မစားရသေးဘူးဆရာဆိုတော့ ကိုယ့်ကိုသနားလို့ထင်ပါတယ်။ နေ့လယ်စာထမင်းကျွေးသွားသေးတယ်။ ကြက်သားဖတ်ကိုဇွန်းနဲ့ဖဲ့နေရင်း ထမင်းမကုန်ခင် ဆရာသစ္စာနီရဲ့ပန်းကန်လေး ကျကွဲသွားသေးတာမှတ်မိသေးလား။ ဆရာ့ကိုထမင်းအလွတ်ပြန်မှာပါဦးလို့ ပြောတာလည်း မရဘူး။ ပိုက်ဆံရှင်းတော့ ပန်းကန်ဖိုးပါထည့်ယူလိုက်သမီးတဲ့။ ကျသင့်ငွေကို မင်းလာယူတဲ့အခါ ရုပ်တည်လေးကို ကိုယ်ကတိတ်ဆိတ်စွာပဲကော်ထိုင်ခုံလေးကနေ ကြည့်ငေးရင်း ရင်ထဲမှာကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ရေးနေတယ်။ ကြုံတဲ့အခါ မင်းကိုဖတ်ခိုင်းမယ်လေ။ တစ်ခါတလေ ကိုယ်မူးနောက်ရီေ၀ပြီး မင်းတို့ဆိုင်ရှေ့က ဖြတ်လျှောက်မိတဲ့အခါ(ဘယ်လိုမှလည်း နေမှာမဟုတ်ပါဘူး ကိုယ်စိတ်ချမ်းသာအောင်ပြောကြည့်တာပါ။) မျက်စောင်း တစ်ချက်လောက်တော့ထိုးခဲ့ဖူးမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မင်းရဲ့ကိုယ်သင်းနံ့လေးနဲ့ ပြည်၀င်ခွင့်ပေးမှ ကိုယ့်ချစ်ခြင်းအက္ခရာက အ,သုံးလုံးကျေမှာမို့ပါ။
ကမ်ဘာကြီးပူနွေးလာတာသေချာလားလို့အိမ်ပေါက်စေ့လိုက်ပြီး တံခါးခေါက်မေးနေစရာမလိုတာကြာပြီ။ ထို့နောက် လမ်းများများလျှောက်သင့်တာကြာပြီ။ စာအုပ်စာပေတွေထဲက ၀ိညာဉ်ပေါင်းမြောက်မြားစွာနှင့်ဘီယာဆိုင်အတူထိုင်ရဦးမည်။ ရန်ကုန်မြို့ကြီးကတစ်တပ်လုံး ကျွန်တော့်မှာက ပိုက်ဆံသုံးရာတည်းရယ် ဘယ်မျဉ်းကြားကကူးရမလဲ။ အဲဒီကဗျာရေးပြီးနောက်ပိုင်းနေ့ခင်းကြောင်တောင် တစေၦကြောက်လာပါတော့သည်။ လိုင်းညွန်ဆိုင်းဘုတ်များ၊ ပလပ်စတစ်ကောက်သူများ၊ ခိုးကူးခွေများ၊ အပြာစာအုပ်များ၊ ထပ်၍ထပ်၍ ပိုအပြာများ၊ ကဗျာတွေရေးပြီး ကဗျာမစစ်သူတွေနဲ့ ပခုံးချင်းတိုက်မိမှာလည်း အားနာလှပါသည်။ အမေ့အတွက်စံပယ်တစ်ပွင့်တည်းပါလာ၍ အဲဒီစင်ရော်တောင်မျက်ခုံးမွေးနားမှာ ကျွန်တော်စီးလာသည့် Taxi မရပ်ခိုင်းတော့ပါ။ လက်ထဲကိုင်ထားသည့် အချိန်တန်လျှင်ပျော်ကျမည့် ရေခဲတုံးလေးသည် မိဘမဲ့လေးလား။ ကျွန်တော်မေးကြည့်သောအခါ သူမဖြေပါ။ လောကမှာမပျော်ချင်သူများထဲတွင် ထိုရေခဲတုံးလေးကထိပ်ဆုံးမှပါလိမ့်မည်။ သနားလွန်း၍ ရေခဲသေတ္တာထဲတွင် နားနားနေနေပြန်အိပ်ခိုင်းထားလိုက်သည်။ ပိရမစ်ထဲ၌ ဘုရင်တွေခန့်ခန့်ထည်ထည် အိပ်နေပုံမျိုး။ ကျွန်တော်လည်း အမေ့ဆီဖုန်းဆက်ရဦးမည်။ ဒီတစ်ပတ်ဘာဂဏန်းထွက်သွားသလဲ လာမပြောကြပါနှင့်။ ကျွန်တော့်အမေဘုရားရှိခိုးနေပါသည်။ ထို့နောက် ကျွန်တော့်အတွက်မေတ္တာပို့ပေးဦးမည်။ ထိုမေတ္တာဓာတ်ကြောင့်ပဲ ကျွန်တော့်မှာ ခွေးရူးကိုက်၍ မသေ။ အဆိပ်တိုက်လို့လည်း မသေ။ နာနာဘာ၀တွေ မြှောက်ပင့်ခေါ်ဆောင်ခြင်းကြောင့်လည်း သေရွာမရောက်ခဲ့။ ရေနွေးဓာတ်ဘူး တစ်ဘူးပေးပါဦး။ ကျွန်တော့်ကဗျာတွေစာတွေကို ဘယ်လိုသဘောရပါသလဲဆိုတော့ သူမေ့မျောသွားပါသည်။ ထို့နောက် ဟေးလားဝါးလားနောက်ပြောင်ရင်း ဘယ်ဆီဘယ်၀ယ်မသိ ထွက်သွားလေတော့သည်။ ထိုသူအောင်မှတ်မရ။ ကျွန်တော်သာကျရှုံးသွားသည်။ မင်နီများ၊ ကောင်းရောင်းကောင်း၀ယ်များ၊ ဗေဒင်များ၊ ယတြာများ။ ခေါင်းလောင်းလေးတွေမြည်နေပြီ။ ခေါင်းလောင်းကြီးခြင်းသေးခြင်းသည် အဓိကမဟုတ်ပါ။ ယုံကြည်သက်၀င်စိတ်နှင့် ဆုတောင်းထိုးခွင့်ရလျှင် ဘယ်လောက်သေးသေး ဘာ၀နာပွား၍ရပါသည်။ သစ္စာတရားနှင့်ခေါင်းလောင်ထိုးတံကို ကိုင်ပါ။ ပြီးနောက် ယုံယုံကြည်ကြည်ဆုပန်ပါ။ စကားမစပ် နဂါးနှင့်ကျွန်တော်သည် သူငယ်ချင်းဖြစ်ပါသည်။ မယုံမရှိကြပါနှင့်။ အဲဒီကောင်က ကဗျာလည်းရေးပါသည်။ စကားသိပ်မပီရုံမှလွဲ၍ ခုထက်ထိ ကြယ်စင်ရောင်(ဘူမိ) ဖြစ်နေတုန်းပင်။ သီချင်းရေးသည်။ ဂီတစာဆိုဟုလွှမ်းပိုင်မပြောခင်ကတည်းက ဂီတကိုစာလိုဆိုတတ်၍သူ့ကိုဂီတစာဆိုဟု ကျွန်တော်တို့ချစ်စနိုးနှင့်စခဲ့ဖူးသည်။ နောက်ပြီး ဆောင်းပါးရေးသည်။ ၀တၳုရေးသည်။ တစ်ခါတစ်ခါ သူအမူးလွန်လာသောအခါ ကျွန်တော်တို့နာမည်တွေခေါ်ခေါ်ပြီးငို၏။ မသေသေးသော်လည်း လွမ်းလွန်းလို့တဲ့။ ဂီတဂုဏ်ဆောင်ရဲရင့်အောင်မဟုတ်ပါ။ နဂါးသာဖြစ်ပါသည်။ ထို့ကြောင့် နဂါးနှင့်ကျွန်တော်သူငယ်ချင်းတော်ပါသည်။ စံပယ်ရွာသူလေးရယ် မဆီမဆိုင် နဂါးကိုမတွေ့ချင်ပါနဲ့။ ဒီကောင်က ယာဉ်မောင်းကြမ်းတယ်။ ခဏခဏလျော်ရတယ်လို့ကြားတယ်။ မစခင်ကတည်းကပြောထားရဲ့သားနဲ့ စံပယ်ရွာသူလေးနဲ့မဆီမဆိုင်ပါလို့ ထိုင်နေတာလည်းကြာပြီ။ ကိုယ်လည်းပြန်တော့မယ်။

မိုဃ်းဇက်သော်
၂၉.၈.၂၀၁၄
ကလေးမြို့ရသစုံဂျာနယ်၊ ၂၀၁၅

Comments

Popular posts from this blog

​ေဒၚ​ေစာျမပြင္​့

ဆရာမရဲ႕ကြၽန္​

က်​ေနာ္​နဲ႔အကမမႀကီးမ်ား